Saturday, July 21, 2007

လရောင်လမ်းချိုး

တီးကြည့်ခေါက်ကြည့်တာတောင် မြည်မလာတတ်တဲ့
တချို့ သံစဉ်တွေဟာ
ခရမ်းဖျော့တေးတစ်ပုဒ်တော့ ပီနေသားပဲ........

အဲဒီတုန်းက နှင်းတွေမြေပေါ်ဖွာလွင့်ကျဆင်းသွားတော့
ခုလို ညနေခင်းမျိုး ငါရှူရှိုက်ရလိမ့်မယ်မှန်း
နည်းနည်းလေးမှ မရိပ်စားမိခဲ့ပါဘူး
လမ်းမီးတွေက သဲ့သဲ့ဖျဖျ
ရှတပါးလွှာနေတဲ့ လရောင်အောက်မှာ
ငါ့နှလုံးသားက
အပျော်တွေ သတ္တိကြွဖူးတယ်.......

အဲဒီလိုညမျိုးပေါ့
ရှိသမျှမြတ်နိုးမှူတွေ ခြစ်ကုတ်ယူသွားလို့
အိပ်မက်ထဲလျှိုသွင်းလိုက်ရတဲ့ မချင့်မရဲအလွမ်းတွေမှာ
တိုး...... တိုး.......ညင်း.......ညင်း........
ငါသာသာလေး မိုက်နေတယ်......

“ချစ်တယ်”
ငါအဲဒီလို မပြောဖြစ်ခဲ့ဘူး
ချစ်သူက လရောင်ကို ရွက်ခြောက်တွေလို နင်းခြေလိုက်ချိန်မှာ
ငါက သက္ကရာဇ်တွေမှာ ကြယ်လိုကြွေရစ်ခဲ့တယ်။ ။

2 comments:

May said...

အပျိုကြီး ကဗျာ

Unknown said...

It may take some time to get a response, depending on the speed of your love...