ဘယ်မှာလဲ ငါ...
လေနှင်ရာ ယိမ်းနွဲ့ ဖျော့ပါး
တောင်တန်းကြီးပဲ မြင့်လွန်းတာလား
ခရီးကပဲ ဝေးလွန်းတာလား...
သည်းခြေကြိုက်ရမ္မက်နဲ့ရင်ခုန်မှုတွေ
ဥပါဒါန် နှင့် သွေးရူးသွေးတန်းရိုးသားမှူတွေကြား
ကျောရိုးမဲ့ဖြစ်နေရှာတဲ့
မီးခိုးငွေ့လေးငါ...
အိပ်မက်လား တကယ်လားတောင် ဝေခွဲမရတာ
ဘယ်လိုခွန်အားနဲ့ ကိုယ်ထင်ရာကိုယ်လွင့်ရမလဲ
ချစ်သူလေးရေ...
အဲဒီလို
တမ်းတ ညည်းညူလိုက်
ရက်စက် မေ့ထားလိုက်
လူးလဲ လွမ်းနာကျလိုက်
ဇွတ်မှိတ် အေးခဲပစ်လိုက်
ကြည်နူးလှိုက်ဖိုမိလိုက်
ကျိုးကြေလမ်းခွဲပစ်လိုက်
ပွင့်အန် နမ်းရှုံ့ မိလိုက်...
မီးခိုးငွေ့လေးရယ်ပါ
ကိုယ့်ခရီးတောင် ကိုယ်ဘာသာမနှင်နိုင်တဲ့
မီးခိုးငွေ့လေးရယ်ပါ....
၃၁ သြဂုတ် ၂၀၀၇
သောကြာနေ့
12:04 AM
Thursday, August 30, 2007
မီးခိုးငွေ့လေးငါ
Posted by
လင်းပြာနွေ
at
11:21 PM
Subscribe to:
Post Comments (Atom)

2 comments:
"မီး-ခိုး-ငွေ့-လေး" လို့ ဖွဲ့ထားတာကို သိပ်ကြိုက်ပါတယ် ခင်ဗျာ။
မီးခိုးငွေ့ လေးကိုကြ်ုက်တယ်။
Post a Comment