အိပ်ပျော်နေတာလဲ မဟုတ်ဘူး
အိပ်ငွေ့ချခံထားရတာမျိုးလည်း မဟုတ်ဘူး...
အိပ်မက်မက်နေတာလည်း မဟုတ်ဘူး
တကယ့်လက်တွေ့ဘ၀လည်း မဆန်ပြန်ဘူး...
ပိတ်ထားတဲ့ မျက်ဝန်းတွေကြောင့်လား
ရင်ခုန်သံတွေ လေဟုန်စီးထွက်ခဲ့တာ
ချယ်ရီတွေ ဖွေးဖွေးလှုပ်လွင့်ပျံ့နေတဲ့
ပန်းခရမ်းရောင်တောင်ကုန်းလေးရယ်..
ပန်းအိပန်းဆိုင်း ငွေမင်ရောင် အမှုန်အမွှားတွေကပ်ညိနေတဲ့
ဝါဂွမ်းတိမ်စိုင်လေးတွေရယ်..
မြသလင်းရောင်ဖျတ်ဖျတ်လက်နေတဲ့...
လရောင်တေးသွားရေတံခွန်စိမ့်စမ်းလေးတွေရယ်...
ထူထူထဲထဲနွေးထွေးတဲ့ ဒဏ္ဍာရီလာ နွေဦးရာသီမြို့တော်လေးရယ်...
စိတ်ဝိညာဉ်ထက် နူးညံ့ပါးလှပ်တဲ့ ၀င်သက်ထွက်သက်တွေထဲ
ဘ၀တစ်ခြမ်းစာ ယစ်မူးရဲရင့်သွားအောင်
ပျောက်ဆုံးခဲ့မိတယ်..
လင်းပြာနွေ
၂၅. ဂျူလိုင်လ. ၂၀၀၈
Tuesday, August 19, 2008
အနမ်း
Subscribe to:
Post Comments (Atom)

3 comments:
မလင်းပြာနွေ ပျောက်ရာက ပြန်ရောက်လာပြီ . . =)
အနမ်းကြောင့် စိတ်ဝိဥာဉ် လွင့်သွားတတ်ကြောင်း ကြားဖူးတယ် .. ။
အစစ အရာရာ အဆင်ပြေပါစေ နော်။
အနမ်းက ...
မှော် ဆန် လိုက်တာနော်။
ကျေးဇူးပြုပြီး စိတ်ကျန်းမာရေးတော့ ဂရုစိုက်ပေးပါ။
စိတ်ရှိမှရေးပြီး စိတ်ရှိမှ တင်ပါ။
ရေးသမျှ တင်သမျှ ဖတ်နေပါရစေ။
thanks!
အော်...
အဲဒီလိုနဲ့ ပျောက်ဆုံးနေခဲ့တာကိုး...
Post a Comment