Tuesday, January 1, 2013

အမှိုက်ကလေးရဲ့ ပုံပြင်



ကျွန်တော်ဟာ သာမန်အမှိုက်လေးပါပဲ
လေရူးတွေ ပုတ်ခတ်လိုက်တိုင်း
သူ့အနား ကစဉ့်ကလျား လွင့်လွင့်သွားတက်တဲ့
သစ်ရွက်ကြွေ အမှိုက်စလေးပါ

သူက ကျတော့်ကို အမှိုက်ကလေးမှန်း သိခဲ့တာကြာပါပြီ
ခုဆို
ကျတော့်ကြောင့် သူ့ပြသဒ်ကြီးမီးလောင်မှာ စိုးရွံ့စိတ်နဲ့
သစ်ရွက်ကြွေအမှိုက်စလေးကို
သူ့အနား ၀ဲခိုခွင့်မပေးတော့ပါ


လေရူးတွေလည်း ရန်ဖန်ရန်ခါ နှင်ဆဲဖြစ်ပေမယ့်
လေပြေညှင်းတွေ အသော့နှင်နေတဲ့အခါမျိုးမှာတောင်
အမှိုက်ကလေးက သူ့ဆီပဲ ၀ဲခိုလွင့်ပါးချင်ခဲ့မိတယ်
ဒါ ...အမှိုက်ကလေး သတိမထားမိပါ

တနေ့က  အမှိုက်ကလေး လွင့်ပါးလာဦးမလား
စိုးရိမ်စိတ်နဲ့ တံခါးတင်းတင်းစေ့ထားတဲ့ သူ့ကို တွေ့ခဲ့တယ်
အမှိုက်ကလေး ၀မ်းနည်းရတယ်

ခုဆို လေပြင်းတွေနှင်တဲ့အခါ
အမှိုက်ကလေး သူ့ဆီ မလွင့်ပါးမိအောင်
ကြုံလေရာလေရူးတွေကြား တောင့်ခံထားမိတယ်

လေပြေလာရင်ပဲဖြစ်ဖြစ်
လေပွေလာရင်ပဲဖြစ်ဖြစ်
 ရိုးရိုးသားသား လွင့်ပါးချင်ခဲ့တဲ့ သာမာန်သစ်ရွက်ကြွေအမှိုက်ငယ်လေးပါဆိုတာကို
ပြောပြခွင့်မှ ရပါဦးမလား ။









1 comment:

မိုးနတ်ကြယ်စင် said...

အမှိုက်ကလေးရဲ့ ပုံပြင်ကို ခံစားခဲ့ပါတယ်...
အတွေးလေးရော အရေးလေးပါ ကောင်းတယ်
ရေးထားတာလေးဆို တကယ်ပဲ ၀မ်းနဲစရာ..
သို့ပေမဲ့ နှစ်သက်စရာ...
မိုးနတ် ဒီကဗျာလေးကို နှစ်သက်မိပါတယ်...
ခင်တဲ့...မိုးနတ်