သူဘာသာသူ ရှင်သန်နေနိုင်တာနဲ့ပဲ
ပြုစုယူယဖို့ မလိုအပ်တော့ဘူးလား …
သူ့မှာလည်း နွေးထွေးတဲ့ နေရောင်ကို
ထိတွေ့ခံစားချင်စိတ်မျိုးရှိမယ်
သူ့မှာလည်း ပေါင်းမြက်၊ ပိုမွှားတွေရဲ့ရန်က
အကာအကွယ်ခံချင်လိုစိတ်မျိုးရှိမယ်…
သူ့မှာလည်း အရိပ်တကြည့်ကြည့်
သူ့အသီးအပွင့်၊ အကိုင်းအခက်တွေရဲ့
လှပဝေဆာမှုကို အကြည်နူးခံလိုစိတ်မျိုးရှိမယ်…
လေဒဏ်ရေဒဏ်ခံနိုင်လွန်းတဲ့
ဖြစ်လာရာ ကျုန်းရုန်းရှင်သန်နိုင်လွန်းတဲ့
စိတ်ဓာတ်နဲ့ အားမာန်မျိုး ရှိနေပေမယ့်
သူလည်း …
နှလုံးသားနဲ့မှ အသိအမှတ်ပြုမှု ခံယူဖို့ လိုအပ်နေသေးတဲ့
သက်ရှိသစ်ပင်တစ်ပင် ဖြစ်တယ်…။
၁၉.၁၂.၂၀၁၀
တနင်္ဂနွေ
၃း၃၀
No comments:
Post a Comment