လပါပဲ
ခုကျမှ အရင်ထက် ပိုပြီး တမြေ့မြေ့ နွမ်းပြတ်နေသလို့
အအေးဓာဏ်က အအေးဒဏ်သက်သက်
နာကျင်မှုက နာကျင်မှုသက်သက်
လက်တွေ့ ဘဝကလက်တွေ့ ဘဝသက်သက်
အသိတရားက အသိတရားသက်သက်
ကိုယ်ကျင့်တရားက ကိုယ်ကျင့်တရားသက်သက်နဲ့ 
အလွမ်းက ဆုတ်လည်းဆူး စားလည်းရူးဆန်ဆန်
ပုခုံးပေါ်လာတွဲခိုနေတယ့့်
အလွမ်းတစ်စင်း ပန်းတစ်ခင်းဖြစ်စေဆိုတဲ့ ကဗျာလှလှလေးရွတ်မိတော့
တစ်ခါလွမ်းတိုင်း တစ်ပါးသီလချွေယူမယ့် အလွမ်းမျိုးအတွက်
ဒါဘဝတွေပါလေလို့  ငါ အလွယ်တကူနှလုံးသွင်းဖို့ ရာ
ထက်မြက်တဲ့  အသိဥာဏ်က အသိဥာဏ်သက်သက်
လောကစည်းတွေက လောကစည်းတွေသက်သက်
မာနတရားက မာနတရားသက်သက်
လွတ်လပ်ပေါ့ပါးမှုတွေက လွတ်လပ်ပေါ့ပါးမှုတွေသက်သက်
ခွင့်လွှတ်နားလည်မှုက ခွင့်လွှတ်နားလည်မှုတွေသက်သက်နဲ့ 
အရားအားလုံး သက်သက်စီ ငါ့ရှင်သန်မှုကို အားပြိုင်ဖဲ့ ခြွေနေကြတယ့့်
ဘဝကတိုတယ်ဆိုတဲ့  သိစိတ်တစ်ခုနဲ့ ပဲ
ငါအရာအားလုံးကို ခွင့်လွှတ်ခဲ့ တယ်
အသက်ရှင်ခြင်းဟာ စိတ်စေရာသွားရုံတစ်ခုထဲထက်တော့
များစွာတန်ဘိုးရှိသင့်တယ် ယုံကြည်မှုနဲ့ 
ငါအရာအားလုံးကို တစ်မိနစ် တစ်စက္ကန့် အတွင်း စွန့် လွှတ်ရဲခဲ့တယ့့်
တွဲလွဲခိုပါလာတဲ့ အလွမ်းကို တောင့်တမှုအဖြစ်အသွင်မပြောင်းစေရုံ
ငါ လစ်လျူရှုထားလိုက်တယ်
အသိဥာဏ်သက်သက်ကိုပဲ နဖားကျိုးထိုး
ငါ ....ဒီခရီးကို ရုန်းနေပါတယ်။

နိုဝင်ဘာ ၂၂ ၂၀၁၃
No comments:
Post a Comment