၃၂ ကျော်ကာလတွေရဲ့ ဦးဦးဖျားဖျားနေ့တွေဟာ
နာမကျန်းမှုတွေနဲ့ လောကဒဏ်ကို သင်ယူရမှုတွေတွေ
ခပ်စိတ်စိတ်ရောက်လာနေပါတယ် .....
ရာဟုထဲ ဆယ်နှစ်လို့ ပြောတဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလတွေကစ
နည်းမျိုးစုံနဲ့ရင့်ကျက်မှုတွေ
ဆောင်ကျဉ်းလာပေးနေရဲ့
ဒီရာဟုနှစ်တွေ သီလနဲ့ ကိုယ်ကျင့်တရားကိုတော့
ဘယ်လိုမှ ဖဲ့ရွဲ့ မတိုက်စားနိုင်ပါဘူးလို့
ခပ်တေးတေး တွေးထားမိတယ်.........
တရားဓမ္မဆိုတာ
ကျင့်ကြံနေထိုင်ခြင်းလို့ပဲ သေတဲ့အထိယုံကြည်ပါတယ်
ညစဉ်အမြဲဘုရားရှိခိုးမအိပ်ဖြစ်ပေမယ့်
ထွက်ပေါက်မရှိလွန်းရင် ဘုရားနဲ့ သီလနဲ့ ကိုယ်ကျင့်တရားတွေ စားပေါ်တင်
လောင်းကြေးထပ်ဖူးတယ် .........
ခုတော့ ခွင့်လွှတ်ခြင်းတရားလည်း ပိုမို တက်မြောက်လာချိန်မှာ
ဥပက္ခာတရားလည်း အရင်ထက် ကောင်းမွန်စွာ ပိုမိုကိုင်တွယ်လာနိုင်ခဲ့တယ်
ဥပါဒ်ရောက်ရပေါင်းများလာတဲ့အခါ ဥပါဒါန်ကို နှလုံးသားနဲ့ နာယူမိသွားတယ်
ဒီလိုနဲ့ ဥပါဒါန်တွေလည်း မသယ်ဆောင်မိအောင် နှလုံးသွင်းတက်လာတယ......
လောကကြီးဟာ နာမကျန်းတဲ့အခါ ဘယ်လိုမှ မလှပနိုင်ပေမယ့်
နာမကျန်းခြင်းဟာ အလှတရားအစစ်ကို မြင်တတ်အောင် သင်ကြားပေးလေတယ်။ ။
ဇွန် ၂၁ ၂၀၁၃
No comments:
Post a Comment