Tuesday, June 12, 2007

နှုတ်ဆက်ခြင်း

ဆယ်လ်မန်ငါးတွေ အိမ်ပြန်ပြီလေ
ငါတို့နှုတ်ဆက်ကြစို့
ကောင်းကင်ကို နင်ကြည့်
လွတ်လပ်မှုသက်သက်နဲ့
လမ်းခွဲတေးကို အသံတိတ်ငြီးစမ်း
မျက်ရည်မကျနဲ့
ဂွတ်ဒ်ဘိုင်လို့မဆိုနဲ့
ရီဝေတဲ့ခံစားချက်တွေမပါနဲ့
ရှေ့ဖြစ်နောက်ကြောင်းတွေ မဖော်နဲ့
တခမ်းတနားကြီး မကြေကွဲပစ်လိုက်နဲ့
ငါ့မျက်ဝန်းတွေနဲ့ဝေးရာလွှဲထားပြီး
သက်ပြင်းတစ်ချက်ပဲ ခိုးချကြည့်စမ်းပါ
ငါတို့နှုတ်ဆက်ခြင်း ဘယ်လောက်တောင်သန့်စင်သွားမလဲလို့။ ။

1 comment:

sisain said...

လရောင်လမ်းချိုး ကနေ နှုတ်ဆက်ခြင်း အထိ ဖတ်ခဲ့ပါတယ်။ ကဗျာလေးတွေက ကောင်းလိုက်တာဗျာ။

နှုတ်ဆက်ခြင်း-ကတော့ ရိုးရိုးလေးနဲ့ လှတယ်။
မျက်ဝန်းတွေနဲ့ ခဏလွှဲထားပြီး
သက်ပြင်းတစ်ချက်ပဲ ခိုးချကြည့်စမ်းပါ-
ဆိုတာလေး ကြိုက်တယ်။