Wednesday, June 13, 2007

သခင်

ငါ့ကို
ဓားချက်နက်နက်တွေ
တစ်ချက်ပြီးတစ်ချက် ပေးသနားခဲ့တယ်
မင်းကို ကျေးဇူးတင်တယ်
ဘုရားသခင်ကို ကျေးဇူးတင်တယ်
ငါဟာ ဘယ်တော့မှ သေဆုံးခွင့်မရတဲ့
တစ်ဦးတည်းသော လူသားပါ
ငါ့ကိုပစ်မထားပါနဲ့ 
နာကျင်မှုတွေ ပေးသနားစမ်းပါ
ရေတွက်မယ်ဆိုရင်
ငါ့နာကျင်မှုတွေနဲ့  ထပ်တူညီစေမဲ့
ပျော်ရွှင်မှုမျိုး . . မင်းပေါ့တီးပေါ့ဆပဲ
လက်ခံပေးပါ
ဒါဟာ လူသားဆန်မှုတစ်ခုလို့လည်း မထင်ပါနဲ့ 
ငါဟာ ဘာမှဟုတ်တဲ့လူ
မင်းနာကျင်မှုတွေကို
ဘယ်လိုအပြီးတိုင် ခိုးယူရမလဲဆိုတာ
ငါအမြဲချောင်မြောင်းနေတဲ့ကိစ္စ
အဲ့ဒီလို ငါက မယုံကြည်ရဘူး
မင်းမကျေနင်ရင်
ငါ့ကို . . ပုလင်းဖုံးတစ်ခုလိုသဘောထားပေး
ရေတွင်းပျက်တစ်ခုလို သဘောထားပေး
ဗလာစာရွက်ခပ်ညံ့ညံ့တစ်ရွက်လို သဘောထားပေး
လောလောဆယ် တစ်ခုပဲ တောင်းဆိုပါရစေ
ဒီတစ်ခါထိုးမယ့်ဓားချက်တွေအတွက်
ဓားရိုးကို ဖွဖွသာကိုင်ထားစမ်းပါ
အကယ်ရွေ့ မင်းနာကျင်ရရင်
ငါက နောက်ထပ် ခိုးယူမှုတစ်ခု ကျူးလွန်ရဦးမှာမို့ လို့  ။ ။

၎၊ ဧပြီ ၊၂၀၀၃
ည ၁၀ နာရီ ၁၅ မိနစ်

1 comment:

May said...

this one is nice