Wednesday, June 13, 2007

ပထမဆုံးလမ်းဆုံး

မေတ္တာတရားအကြောင်းတီးမိခေါက်မိလေးနဲ့ 
(ငါ့ကိုယ်ငါတော့ အဲဒီလိုအထင် )
နှလုံးသားကို လွတ်လွတ်လပ်လပ်လျှောက် ခိုင်းလိုက်တယ်
ငါမှားတယ်လို့ မပြောဘူး ။
လိုတာထက်ပိုပြီးလည်း ပျော်ခဲ့ပြီးပြီ
လိုတာထက်ပိုပြီးလည်း ငိုခဲ့ပြီးပြီ
သေးသေးလေးမျှော်လင့်မိလို့ 
ငါ့မှာမှောင်လိုက်တာ(မတန်တဆ)
လူမှန်းသိစတည်းက ငါ . .
မျှော်လင့်ချက်တွေကိုသတ်လိုက်တယ် ။
အရဲရင့်ဆုံးမြတ်နိုးရဲပါတယ်
ဒဏ်ရာဒဏ်ချက်ဆိုတာလည်း ရင်ပါးအောင်မွေးတတ်ရတယ်တဲ့
ငါပဲပြောခဲ့တယ်
ခု ငါဘယ်မှာလဲ ။
ကံတရားရေ . . .
တတ်သလောက်မှတ်သလောက်
လှည့်ကွက်တွေ ဆိုးရွားမှုတွေ အကုန်သာထုတ်သုံးတော့
ငါ့မြတ်နိုးမှုတွေ
တစ်ရွေးသားမှမပွန်းပဲ့ပါဘူး
အဲ့ဒီလိုပဲ
ငါမာရေကြောရေောစးကြီးပြင်းခဲ့တယ် ။
ပျော့ညံ့တယ်ပြောချင်ပြော
ခေါင်းမာတယ်ပဲပြောချင်ပြော
ငါက တစ်ဘ၀လုံး
ဒီအတိုင်းပဲစီးဆင်းမယ် . . .
ဒါပေမဲ့
အဆုံးမှာ
ပင်လယ်တစ်စင်း ရှိမနေမှန်းလည်း ငါသိတယ် ။ ။

(၁၃၊ အောက်တိုဘာလ၊ ၂၀၀၃)

No comments: