Wednesday, June 13, 2007

အမော

(၁)
အဆုံးစွန် ရှိုက်သွင်းမိပြီးမှ
နိမ့်နိမ့်ပါးပါးလေး
ရင်ခုန်ခဲ့မှန်း သိလိုက်တယ်
ဘာ ပါလို့ အမည်မတပ်လည်း
နွေ . .မိုး . . ဆောင်း . .
ဗလာကျုင်းသွားပြီးပြီ ။
(၂)
မျက်ဆန်ညိုညိုလေး အကြည့်တစ်ငွေ ကို
ဆယ်စုနှစ်ထက်ဝက်စာ ရင်နဲ့ မိုးခဲ့မိတယ်
ငါက ကောင်းတုန်းအရွယ်မို့  ရူးပါတယ် ။
(၃)
လက်ဝဲဘက်မှာ ဟုတ်လိမ့်နိုးနိုးတွေ ရှိတယ်
ဘက်ယာဘက်မှာ ဟုတ်တိုင်းမှန်ရာတွေချည်း ရှိတယ်
အဲဒီမျှခြေမှာ
တစ်နေ့ တစ်ကြိမ် သာသာပဲ ငါလမ်းပျောက်နေခဲ့တာ ။
(၄)
ကြေးထပ်ထိုးနှက်ကြစတမ်းဆို . .
ငါအသက်ရှူမရပ်သရွေ့ 
ချစ်တယ်လို့ ချည်း မရပ်မနားပြောခဲ့မိမှာ
တကယ်ဆို . .
လက်ကလေးကမ်းဖို့ 
မှတ်တိုင်လေးစိုက်ထူပေးဖို့ ထက်
စက္ကန့် သုံးရာစာ ခိုးငေးရခွင့်လေးပဲ
ငါစိန်ခေါ်ခဲ့မိတာ ။ ။

(၁၀၊ ဇွန်လ၊ ၂၀၀၄၊ အင်္ဂါနေ့ )

2 comments:

Anonymous said...

Wow...very emotional. Nice poem. I think you might want to visit Smallartville where some of myanmar art works are shown. Mosty now has the poems. You are welcome to join us.
www.smallartville.blogspot.com

sisain said...

sweet & lovely. excellent!