Wednesday, June 13, 2007

အင်တာနက်ရင်ခုန်သံ

ငါ့ရှေ့မှာ တမ်းတခြင်းတွေနဲ့ ဖောရောင်နေတဲ့
ယန္တရားတစ်ခု
စက်ခလုတ်တစ်ခုကို နှိပ်လိုက်တိုင်း
ရင်ခုန်သံတွေ ထွက်အံကျလာလိုက်တာ
လေလှိုင်းထဲ စီးမျောလာတဲ့ မင်းရယ်သံမှာ
အိပ်မက်တစ်စင်း လှပ်လှပ်လေး အောင်းနေတယ်
ကြည့်စမ်း... မင်းနဲ့ငါဝေးကွာနေလိုက်ပုံများ
မင်းက ကမ္ဘာ့နောက်ခြမ်း
ငါက ကမ္ဘာ့ရှေ့ခြမ်း
မင်းတိုးတိုးလေးညည်းတဲ့သီချင်းသံမှာ... ငါကပျော်ဝင်လို့
မင်းမျှင်းမျှင်းလေးချတဲ့သက်ပြင်းသံမှာ... ငါကမိန်းမောလို့
မင်းဖန်တီးထားတဲ့စကားလုံးတွေရဲ့ ဖွဲ့နွဲ့မှုမှာ... ငါကသာယာလို့
ဒါဆို..
မင်းဘယ်သူလဲ ငါသိစရာလိုဦးမလား...
လျှပ်စစ်ဓာတ်နဲ့ လွမ်းတဲ့အလွမ်းလည်း အလွမ်းပဲ
ကမ္ဘာကြီးကိုက ကျဉ်းလွန်းတာမို့
မင်း..ငါ ဖြစ်တည်မှုတွေမပါဘဲ
ရင်ခုန်သံစစ်စစ်ချည်းသက်သက်
လေထုထဲ လွှင့်တင်လိုက်ရအောင်လေ ။ ။

4 comments:

Anonymous said...

(လျှပ်စစ်ဓာတ်နဲ့ လွမ်းတဲ့အလွမ်းလည်း အလွမ်းပဲ) << ခုလောလောဆယ်တော့ ဒါလေးကို ထိနေတယ်.. i like this.. =)

Anonymous said...

me too!!!!

Anonymous said...

မလင်းပြာနွေရေအင်တာနက်ရင်ခုန်သံကတော့ကြိုက်တယ်
ဗျာ လင့်ချိတ်ထားလိုက်တယ်နော် အားပေးပါတယ်ဗျာဆက်ရေးပွဦး

Сергей.(Имя российского) said...

ဒီကဗျာလေးလည်း ခံစားသွားပါတယ် ။